Chan AyeYouth
"မြန်မာ့ရေမြေ-Myanmar Env"
Thursday, 30 May 2013
တက္ကသိုလ်ဘုန်းနိုင်စိုက်ပျိုးခဲ့သော စွယ်တော်ပင်နှစ်ပင်
တက္ကသိုလ်ဘုန်းနိုင် မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်စဉ်က နေထိုင်ခဲ့သော အိမ် (သစ္စာလမ်း အိမ်နံပါတ်-၂)။ အိမ်ရှေ့မှာ သူနေထိုင်စဉ်ကစိုက်ပျိုးထား သော စွယ်တော်ပင်နှစ်ပင် ခုထိရှိနေပါသေးသည်။
Chan AyeYouth
Chan AyeYouth
Saturday, 25 May 2013
မင်းလှ ရွှေမည်း အရိုင်း ဈေးကွက် (ဓာတ်ပုံ- စနေလင်း/ဧရာဝတီ)
မင်းလှ ရွှေမည်း အရိုင်း ဈေးကွက် (ဓာတ်ပုံ- စနေလင်း/ဧရာဝတီ)
Updated 10 minutes ago
လက်တွင်းတတွင်းကို
တူးမယ်ဆိုရင် မြေရှင်ကို ပေးရတာက ကျပ် ၁ သိန်းကနေ ၁၅ သိန်း ၀န်းကျင်လောက်
အထိရှိတယ်။ ရေနံထွက်တဲ့အပေါ် မူတည်တယ်။ ဒေသအနှံ့က လာတူးတဲ့ သူတွေရော၊
ရေနံစိမ်း ရောင်းဝယ်နေကြတဲ့ သူတွေနဲ့ တကယ့်ကို ရွာအကြီးကြီးဖြစ်နေ ပြီ။
ရန်ဖြစ်လို့ ဘယ်ကိုမှ တိုင်စရာ မလိုတော့သလို၊ ဖြစ်တိုင်းလည်း အနည်းဆုံးက
ဓားခုတ်မှုပဲ။ အဲဒီ နေရာမှာ ဘာ လိုချင်သလဲ … အရက်၊ မိန်းမ၊ မူးယစ်ဆေး
အစုံရတယ်။
တွင်းတောင် (မန္တလေးသူ)
Wednesday, 15 May 2013
လာမည့် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့ ပထမဆုံး အကြိမ်အဖြစ် အီးယူနိုင်ငံများ လာရောက်မည်
၂၀၁၃ ခုနှစ်၊ ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ် (၅၀) မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ အီးယူနိုင်ငံများမှ ပထမဆုံး အကြိမ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများ ပြန်လည်ရုပ်သိမ်းပြီးဖြစ်၍ ကျောက်မျက်ရတနာ ပြပွဲသို့ အီးယူနိုင်ငံများမှ လာရောက်ကြမည်ဖြစ်ကြောင်း၊ အီးယူနိုင်ငံများမှ ကျောက်မျက်လုပ်ငန်းရှင်များ
မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ နှစ်စဉ်လာရောက်သည့် နိုင်ငံများထဲတွင် တရုတ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူလေ့ရှိပြီး မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်နိုင်ငံမှသာ အဓိက ကြီးစိုးထားခဲ့သည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ဒုတိယ ပို့ကုန်အဖြစ် ရှိနေခဲ့သည့် မြန်မာ့ကျောက်စိမ်း တင်ပို့မှုအား တရုတ်နိုင်ငံမှ အခွန် ၃၃ ရာခိုင်နှုန်းအထိ ကောက်ခံပြီး အခွန်ဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် ကျောက်စိမ်းမှ ၀င်ငွေများစွာ ထိခိုက်ခဲ့ရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၂၀၀ ကျော် ရရှိခဲ့သော်လည်း ထိုသို့ အခွန်ဖြင့် ထိန်းချုပ်လိုက်သည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄၇ သန်းကျော်သာ ရရှိသည်အထိ ထိုးဆင်းခဲ့ရသည်မှာ ယနေ့အထိ ဖြစ်သည်။
တရားဝင် တင်ပို့မှုအပေါ် အခွန်ဖြင့် ထိန်းချုပ်ထားသော်လည်း တရားမ၀င် တင်သွင်းမှုများအပေါ်၌ ထိရောက်စွာ တားဆီးခြင်း မရှိဘဲ အသွင်းခံနေသည့်အတွက် ပို၍နစ်နာခဲ့ရသည်။
အီးယူနိုင်ငံများမှ လာရောက်မည် ဖြစ်သည့်အတွက် တရုတ်တစ်နိုင်ငံတည်းအပေါ် မှီခိုမနေရဘဲ ဈေးကွက်သစ်များ ထပ်မံရရှိမည့် အနေအထားမျိုး ရှိလာခဲ့သည်။
ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀၀ ၀န်းကျင်အထိ ရောင်းချမည်ဖြစ်ပြီး ပုလဲ၊ ပတ္တမြား၊ နီလာအပြင် အခြားကျောက်မျက် မျိုးစုံကိုလည်း အတွဲလိုက် ရောင်းချမည် ဖြစ်သည်။
ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အဆိုပြုလွှာအား ဇွန် ၁၅ ရက်မှ ၂၃ ရက်အတွင်း တင်ပြရမည်ဖြစ်ပြီး အခြေခံဈေး ယူရို ၄၀၀၀ မှ ၂၀၀၀၀၀ အထိ တန်ဖိုးသတ်မှတ်ထားသော ကျောက်စိမ်းအတွဲများကို ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ လည်းကောင်း၊ ယူရို ၂၀၀၀၀၀ နှင့်အထက် တန်ဖိုးရှိ ကျောက်စိမ်းတွဲများကို ဇွန် ၂၅ မှ ၂၇ ရက်အထိ လည်းကောင်း ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။
ပြပွဲတွင် ပုလဲအတွဲများကိုလည်း အများအပြား ရောင်းချသွားမည်ဖြစ်ပြီး အခြားကျောက်မျက် မျိုးစုံ အတွဲများကိုလည်း ထည့်သွင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပုလဲများ လေလံတင် ရောင်းချရာတွင် ဇွန် ၁၅ ရက်၌ ဈေးနှုန်းအဆိုပြုလွှာ တင်ရမည်ဖြစ်ပြီး အခြေခံဈေး ယူရို ၂၀၀၀ မှ ၁၀၀၀၀ အထိ တန်ဖိုးရှိသော ပုလဲအတွဲများကို ဇွန် ၁၆ ရက်တွင် လည်းကောင်း၊ ၁၀၀၀၀ နှင့်အထက် တန်ဖိုးရှိသော ပုလဲအတွဲများကို ဇွန် ၁၇ ရက်တွင် လည်းကောင်း ဈေးပြိုင်အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။
ကျောက်မျက်အတွဲ ၀ယ်ယူမည့်သူများ အနေဖြင့် ဇွန် ၁၅ ရက်မှ ၁၈ ရက်အတွင်း ဈေးနှုန်းအဆိုပြုလွှာ တင်ရမည်ဖြစ်ပြီး အခြေခံဈေး ယူရို ၅၀၀ မှ ၂၀၀၀၀ အထိ တန်ဖိုးသတ်မှတ်ထားသော ကျောက်အတွဲများနှင့် ယူရို ၂၀၀၀၁ နှင့်အထက် တန်ဖိုးသတ်မှတ် အတွဲများကို ဇွန် ၁၉ ရက်တွင် တင်ဒါဖွင့်မည်ဟု သိရသည်။
(ဓာတ်ပုံ - နေပြည်တော်တွင် ပြုလုပ်သော ကျောက်မျက်ရတနာ ပြပွဲ တစ်ခုအား တွေ့ရစဉ်
Eleven Media Group
Saturday, 11 May 2013
Subscribe to:
Posts (Atom)