Thursday, 9 May 2013

မြန်မာနိုင်ငံတွင် ကမ္ဘာ့တတိယအကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည်



မေ ၈
မြန်မာနိုင်ငံတွင် ကမ္ဘာ့တတိယအကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၁၈ လအတွင်းအပြီးတည်ဆောက်သွားရန်အတွက် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ထိုင်းနိုင်ငံအခြေစိုက် Green Earth Power(GEP) တို့က နားလည် မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုမကွေးတိုင်းဒေသကြီးရှိ မင်းဘူး မြို့နယ်အတွင်း ၃၀၀ ဟက်တာ အကျယ်အ၀န်းပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီးတည်ဆောက် စရိတ် အမေရိကန်ဒေါ်လာ ၂၇၅ သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းစွမ်းအင်ကုမ္ပဏီ၏ဥက္ကဋ္ဌ ပေါဘားနတ်ယန်းက ၎င်းတို့ကုမ်္ပဏီအနေဖြင့်မြန်မာဝန်ကြီးဌာနတို့ အကြား စွမ်းအင်ဆိုင်ရာ ပေးချေမှုစာချုပ်ကို လာမည့်ရက်ပေါင်းကိုးဆယ်အတွင်းချုပ်ဆိုနိုင်ရန် မျှော် လင့်ထားကြောင်း ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ်သတင်းစာသို့ပြောခဲ့သည်။
ယင်းနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုကို အဆင့်သုံး ဆင့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကာ ၅၀၊ ၇၀နှင့် ၉၀ မဂ္ဂါဝပ်ဖြင့်စုစုပေါင်း ၂၁၀ မဂ္ဂါဝပ်ကိုထုတ်လုပ် သွားမည်ဖြစ်သည်။
ယင်းစက်ရုံတည်ဆောက်မှု၏ ၇၀ရာခိုင်နှုန်းကို ချေးငွေများမှတစ်ဆင့်ရယူတည်ဆောက်သွားမည်ဖြစ်ရာ (GEP) ကုမ္ပဏီက ဒေသတွင်းနှင့် နိုင်ငံတကာငွေကြေးချေးငှားသူများကို ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ကုမ္ပဏီ၏ဥက္ကဋ္ဌကမူ မြန်မာနိုင်ငံ ရန်ကုန် သို့မဟုတ် မန္တလေးမြို့တို့တွင်၂၀၀ မဂ္ဂါဝပ်ထုတ်လုပ် နိုင်မည့် နောက်ထပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး ဆွေးနွေးနေပြီး ယခုနှစ်ကုန်ပိုင်းတွင်အကောင်အထည် ပေါ်ဖွယ်ရှိကြောင်းလည်း ပြောခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံး၏ ၂၆ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားသုံး စွဲနိုင်သေးပြီး ကျေးလက်ဒေသတွင်မူ ၄ ရာခိုင်နှုန်းကသာလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သေးသည်။
Ref: PVTECH

No comments:

Post a Comment