ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ် မေလကုန် စတင်ဆောင်ရွက်တော့မည်ဖြစ်ြေ
လက်ရှိကာလ၌ အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း Master Plan ကို ဂျပန်နိုင်ငံ JDI(Japan Development Institute) မှ ရေးဆွဲလျက်ရှိရာ ၂၀၁၃ ခုနှစ် မေလကုန်တွင် တင်ပြမည်ဖြစ်ကြောင်းနှင့် စီမံကိန်း၏ အသေးစိတ် အချက်အလက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား တင်ပြသွားမည်ဖြစ်ကြောင်းလည်
"ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်တဲ့ Master Plan ကို JDI က ရေးဆွဲနေတာ ဖြစ်ပြီးတော့ ဒီလကုန်အပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌကို တင်ပြမှာပါ။ ဥက္ကဋ္ဌကတစ်ဆင့် နိုင်ငံတော် သမ္မတရုံးကို ဆက်လက်တင်ပြသွားကြမှာပါ။ ပြီးမှ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိရမှာ ဖြစ်ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်း၏ ပထမအဆင့် လုပ်ငန်းဆောင်ရွက်မှုများကို
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပြင် စစ်တွေစက်မှုရပ်ကွက်နှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တို့ကိုပါ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၏ စီမံကိန်း ရည်မှန်းချက်များ၊ လျာထားချက်များ၊ ရွေးချယ်ထားမှု၊ ဦးစားပေး အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မှုများ တင်ပြသည့် အစီရင်ခံစာအရ သိရသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍနှင့် စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု တန်ဖိုးများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရာခိုင်နှုန်းအလိုက် တိုးတက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
စက်မှုကဏ္ဍနှင့်အတူ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ကဏ္ဍမှ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်
ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လုပ်ငန်းစဉ်ရှစ်ရပ် အကောင်အထည် ဖော်ရန်အတွက် အနှစ် (၂၀) စီမံကိန်းများ ရေးဆွဲထားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအရ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ နှစ်အလိုက် ဘဏ္ဍာငွေ လိုအပ်မှု အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၀ ဒသမ ၅၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၃ ဒသမ ၆၃ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄၇ ဒသမ ၆၃ ဘီလျံထိ ရှိကြောင်းလည်း သိရသည်။
Share Arakan News
No comments:
Post a Comment